ဇင်ယော်ချေတကောင်လီကိုရာအဆန်ပျံသန်းရင်းအမှတ်တရထားခစွာတိရာ... မတော်တဆခလုတ်တိုက်ရင်းရောက်ဟိလာရေလူတိကိုကျေးဇူးတင်ရေ... အချိန်ပီးပနာ ၀င်ကြည့်လားရေအတွက်ကျေးဇူးတင်ပါရေ..စာပီတခုစွာလူမျိုးတမျိုး၏အသက်ဆိုခကေယင်းစာပီစွာလူသားတိုင်း၏အကျိုးကိုရှေ့ရှု့လိမ့်မေလို့ထင်ပါရေ.. ဇင်ယော်
WELCOME....
သဇင်ရို့ မြီမှ..
ဇင်ယော်ချေတကောင်လီဆန်မှာပျံနိန်ရေ
Thursday, December 3, 2009
ဝေသာလီခောတ်ကျောက်စာတချပ်မှဘာသာပြန်ဆိုခြင်း
မြောက်ဦးမြို့လက်ဆည်ကန်မြို့ရိုးတံခါးပေါက်ကိုသန့်ရှင်းရေးလုပ်ရာမှတွိ့ဟိရေဆိုပနာရွီးထား
စွာကိုတွိ့ဟိရပါရေ..
ကျောက်စာကိုတံခါးပေါက်၏တောင်ဘက်မျက်နှာလက်ယာဘက်တံတိုင်းပေါ်မှာတွိ့ဟိခရစွာဖြစ်ပီး
ကေကျောက်စာရွီးထိုးထားရေကျောက်တုံးအရှည်မှာ ၁ပေနန့်၁လက်မ ၊အမြင့်၆ လက်မဟိပီးကေ
စာလုံးရွီ ၄၄ လုံးရွီးထိုးထားစွာကိုတွိ့ဟိရပါရေ..
တံတိုင်းပေါ်မှာရွီးထိုးထားခြင်းဖြစ်ပြီး ရေဓမ္မာဂါထာတော်ဟာထေရါဒဗုဒ္ဓဘာသာရဲ့အဆီအနှစ်ဂါထာတော်တစ်ပုဒ်
ဖြစ်ကြောင်းရွီးထားစွာကိုတွိ့ရပါရေ... ပဉ္စ၀ဂ္ဂီ ငါးဦးမှာတစ်ဦးအပါအ၀င်ဖြစ်သောရှင်အဿဇိမထေရ်ကရှင်သာရိပုတ္တရာအလောင်းကိုဗုဒ္ဓတရားတော်အဆီအနှစ်ကို အ
ကျဉ်းချုပ်ပြီးဟောပြောတော်မူသောဂါထာတော်ဖြစ်တေဆိုစွာသိရှိရကြောင်းရွီးထားစွာကိုတွိ့ရပါ
ရေ... ဂါထာတော်ရဲ့အနက်က..
"ဗုဒ္ဓမြတ်စွာဘုရားသည်ရှေးကပြုခရေအကြောင်းတရားကြောင့်ဖြစ်ပေါ်လာကုန်သောအကျိုးတရားရို့ကိုဟောတော်မူ၏ ထိုအကြောင်းအကျိုးတရားတို့၏ချုပ်ငြိမ်းရာတရားတို့ကိုလည်းဟောတော်မူ၏ ။
ဗုဒ္ဓမြတ်စွာဘုရားသည်ဤသို့သောအယူရှိတော်မူ၏ " ။
လို့အဓိပ္ပာယ်ရကြောင်းကိုရွီးသားထားစွာကိုတွိ့ဟိရပါရေ..
မှက်ချက်..
ကျောက်စာဘာသာပြန်သာပြန်သူနန့်သတင်းပီးပို့ရေသူကိုရွီးသားထားခခြင်းမဟိပါ..
ကျောက်စာပညာရှင်နန့်ရက္ခိုင်သမိုင်းကိုစိတ်ဝင်စားရေမိတ်ဆွေရို့အတွက်
အထောက်အကူတခုပြုလိမ့်မေလို့ယူဆပါရေ
..
ဇင်ယော်ချေမျှော်လင့်ခြင်းများစွာဖြင့်အသက်တိရှင်နီယင်း
Read more...
Wednesday, December 2, 2009
ရခိုင်သူမြတ် နှင့် လောကသာရပျို့
ရခိုင်သူမြတ်သည်ရခိုင်ဘုရင်မင်းထီးလက်ထက်(အေဒီ၁၂၈၃)မြန်မာသက္ကရာဇ်(၆၄၅)တွင်ထင်ယှားခရေရဟန်းပညာရှိပုဂ္ဂိုလ်တစ်ပါးဖြစ်သည်။သက္ကရာဇ်(၆၈၈)တွင်မင်းလျှင်စောသည်။
မစ္ဆဂီရိသရက်မြို့ကိုတည်၍နေထိုင်ခလေသည်။သက်လူမျိုးရို့အုပ်စိုးသောကြောင့်သက်မင်းလျင်စောဟုနာမတွင်သည် ။ ၄င်းတွင် စောစုံ၊စောဖြူ ၊စောတူဟူသောသားတော်သုံးပါးဟိခလေသည်။
သက်ရို့သည်အင်အားကောင်းလာသောအခါ၌ရခိုင်ရိုးမတောင်စိုင်၊တောင်တန်းကျေးရွာများသို့
လားရောက်တိုက်ခိုက်လီရာရခိုင်ဘုရင်မင်းထီးသည် အမတ်ကြီးရာဇစည်သူသင်္ကြန်ကိုစေလွှတ်၍
သရက်မြို့ကိုသိမ်းခိုင်းခဲ့လေသည် ။ သက္ကရာဇ်(၆၉၅)တွင်အမတ်ကြီးရာဇစည်သူသည်စစ်သည်၊ဗိုလ်ပါများနန့်ရခိုင်ရိုးမကိုကျော်ဖြတ်၍သက်မင်း
လျင်စောအား သားတော်သမီးတော်၊မိဖုရားမောင်းမနန့်တကွရက္ခိုင်သို့ခေါ်ဆောင်ခလေသည် ။
ရက္ခိုင်ဘုရင်မင်းထီးစွာသက်မင်းလျင်စောအားကောင်းစွာချီးမြှင့်မြှောက်စားထားခသည်။ထိုအခါမင်းလျင်စောသည် သူ၏သားတော်များအား ပိဋကတ်ဗေဒင်အရာကျွမ်းကျင်တတ်မြောက်ရေ ရခိုင်သူမြတ် 'ဆရာတော်ထံ'အပ်နှံသင်ကြားစေခဲ့သည်။ မင်းသားသုံးပါးသည်ပိဋကတ် ၊ဗေဒင်သင်၍တတ်မြောက်လျှင်ဆရာရခိုင်သူမြတ်သည်ဤကဲ့သို့သောအိမ်မက်ကိုမြင် မက်လေ၏ ။
နောင်တော်ကြီးစောစုံသည်စမုန်မြစ်ရီကိုသောက်၍ကုန်သည်ဟုမြင်မက်၏ ။ညီလတ်စောဖြူသည်
ဖိုးဦးမော်ရီကို၎င်း ၊ညီတော်အငယ်စောတူသည်အ၀မြစ်ရီကိုသောက်၍ကုန်သည်ဟု၎င်းမြင်မက်လေသည်။
ဆရာရခိုင်သူမြတ်လည်းမင်းသားသုံးပါးကိုခေါ်၍မင်းသားရို့စစ်ကိုင်းပင်းယသို့လားကေမင်းဖြစ်လတ္တံ ၊ဆိုပနာမိန့် တော်မူခလေသည် ။ညီနောင်သုံးပါးရို့လည်းဆရာရခိုင်သူမြတ်စေလွှတ်သည့်အတိုင်းသက္ကရာဇ် (ရ၀၅)ခုတွင်အရှိပြည်သို့လားပနာစစ်ကိုင်း၊ပင်းယသို့ရောက်လျှင်စောစုံသည်မြင်းစိုင်းကိုစားရ၏ ။စောဖြူစွာပြည်မြို့ ကိုစားရလေ၏ ။စောတူသည်အမြင့်မြို့ကိုတရဖျားစောကဲဆိုရေအမည်ဖြင့်စားရသည် ။ နောင်အခါအမြင်စား တရဖျားစောကဲ အမည်ဖြင့်မင်းဖြစ်လေသည် ။မင်းဖြစ်၍ ၁၆နှစ်ခန့်ကြာမြင့်လတ်ရေအခါတရဖျားစောကဲမင်းကြီးသည်မိမိငယ်ဆရာဖြစ်ခဖူးသော ရခိုင်သူမြတ်ကိုသတိရမိလျှက်အင်းဝနေပြည်တော်သို့ပင့်ဆောင်ပနာ"မဟာသင်္ဃရာဇာ"ဟူသော
ဘွဲ့တဆိပ်ဖြင့်ကပ်လှူပူဇော်ပနာ ကိုးကွယ်တော်မူခကြောင်းရွီးသားထားခစွာကိုတွိ့ဟိရပါရေ။
ထိုမဟာသင်္ဃရာဇာဘွဲ့ကိုခံယူတော်မူသောရခိုင်သူမြတ်သည်မင်းလောင်းသုံးပါးကိုစာပီပို့ချ စိုင်အခါကလောကသာရပျို့ကိုစီကုံးကာမင်းသားရို့အားသင်ကြားပီးခရေဆိုစွာကိုရွီးသားထားစွာကိုတွိ့ရပါရေ၊
လောကသာရပျို့မှာအမျိုးလေးပါးကိုဆုံးမရေအခန်းများပါရှိ၍ရခိုင်စာပီလောကမှာအကောင်းဆုံး
နန့် အဟောင်းဆုံးစာပီမှာပါဝင်ရေကြောင်းကိုဦးအောင်သာဦး(၀တီလေးရပ်ပေါင်းစည်းအပ်သောရက္ခမဏ္ဍလ)ရခိုင်ရာဇ၀င်တွင်ရခိုင်ရာဇင်သစ်ကျမ်း(ဦးစန္ဒမာလာလင်္ကာရ) ကိုကိုးကားပြီးရွီးသားထားစွာကိုတွိ့ဟိရပါရေ။
ရှိးရခိုင်ရိုးရာစိုင်ဆက်ဘုန်းတော်ကြီးကျောင်းသင်အံခရသောပျို့ကဗျာဖြစ်သည်။ရခိုင်ကျောက်စာပီအရွီးအသား ၊ဒင်္ဂါးစာအရွီးအသားဖြစ်သောရက္ခ၀ဏ္ဍအက္ခရာဖြင့်ရွီးသားထားသည်။ပရပုတ် ဟုခေါ်ဆိုသည့်ဤစာမူကို၎င်း
၏လက်သုံးစာမူဖြစ်သည်ဟုစာမူပိုင်ကျောင်းတကာကြီးထံမှသိရသည်၊(ထွန်းရွှေခိုင်-မဟာဝိဇ္ဇာ)
လောကသာရဖျားဟုအဖုံးတွင်ရွီးသားထားသည်။
"က" အချပ်ပျောက်ဆုံးနီ၍ " ကာ " မှ" ကဲ " အားလုံး၁၃မျက်နှာပါရှိပါရေ။
အဖုံးတွင်ပါရှိရေ"လောကသာရအဖျားဟုဆိုသည်မှာပထမပိုင်းအဆုံးကိုဆိုလီဟန်တူပါရေ၊
ရခိုင်ရှိဟောင်းကျမ်းရို့တွင်ပထမပိုင်းစာအစကိုအရင်းဟုခေါ်တွင်၍အဆုံးကိုအဖျားဟုခေါ်သည်
ဟုရွီးသားယှင်းလင်းထားစွာကိုတွိ့ရပါရေ။
ဇင်ယော်
မှတ်တမ်းတင်ခွင့်ရဟိခရေစာအုပ်တိက...
၁။ရက္ခိုင်ရာဇ၀င်သစ်ကျမ်း(ရမ်းပြည့်တောင်ကျောင်းဆရာတော်ဘုရားကြီးဦးစန္ဒမာလာလင်္ကာရ)
သက္ကရာဇ်၁၂၉၃ခုကဆုန်လတွင်ဟံသာဝတီပိဋကတ်ပုံနှိပ်တိုက်၊အမရပူရ(၀ါ)မန္တလေး
၂။ထွန်းရွှေခိုင်(မဟာဝိဇ္ဇာ)ရခိုင်စာဆိုတော်များ ၁၉၉၁ ခု
၃။ဦးအောင်သာဦး(၀တီလေးရပ်ပေါင်းစည်းအပ်သောရက္ခမဏ္ဍလရခိုင်ရာဇ၀င်(၂၀၀၈ ဒီဇင်ဘာ၃၁)
ရက္ခိုင်ရာဇ၀င်တိကိုလေ့လာရင်းတွိ့ဟိစွာတိကိုမှတ်တမ်းတင်ကာသိမ်းဆည်းခခြင်းရာဖြစ်ပါရေ..
Read more...
လောကသာရပျို့ ရခိုင်သူမြတ်
မြန်မာစာပီ၏အသက်ဖြစ်တေ့ရက္ခ၀ဏ္ဏအက္ခရာတီထွင်ကာရခိုင်စာဆိုတော်များသည်ရတု၊ရကန်၊
အဲအံ၊သာခြင်းနှင့်အမျိုးမျိုးသောပျို့ကဗျာများကိုဖွဲ့နွဲ့သီကုံးခဲ့ကြသည်။မြန်မာစာပီလောကတွင်
စောပြည့်ညိုမင်းသမီးရေးစပ်သည့်သိန်ကန်မိန်တွင်(၁၂)ခွင်ချီရတု၊အဒူမင်းညို၏ရခိုင်မင်းသမီးဧချင်း၊
ရခိုင်သူမြတ်၏လောကသာရပျို့နှင့်အမတ်ကြီးဥက္ကာပျံ(၀ါ)ရာဇသင်္ကြန်၏ ဥက္ကာပျံရတုတို့မှာအဟောင်း
ဆုံးနှင့်အကောင်းဆုံးအဖြစ်ထင်ရှားသည် ဆိုပနာရခိုင်ရာဇ၀င်သစ်ကျမ်းကိုကိုးကား၍ ဦးအောင်သာဦး
(ရက္ခမဏ္ဍလရက္ခိုင်ရာဇ၀င်)တွင်မှတ်တမ်းအဖြစ်တွိ့ဟိရပါသည်။
လောကသာရဆုံးမစာ
အသက်ရှည်စွာ၊ အနာမဲ့ကြောင်း
ကောင်းလှစီချင်၊ ပဲ့ပျင်နိစ္စ
ကွပ်ဆုံးမသား၊ မိဘဆရာ
စကားနာ၍၊ ကျမ်းစာသိမြင်
တတ်အောင်သင်လော့၊ ပေါ်လွင်မပြု
ကောင်းရာတုလျှက်၊ ကောင်းမှုမြတ်နိုး
ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်စီမင်း --။
မိခင်ဖခင်၊ ကျေးဇူးသျှင်ကို
ချစ်ခင်မြတ်နိုး၊ ဂူပုထိုးသို့
ရှိခိုးဦးတင်၊ ကြည်လင်မြတ်လေး
လုပ်ကျွေးခယ၊ ရိုတုပ်ကွလျှက်
ကြီးလှသက်အို၊ မျိုးဆွီကိုလည်း
ကြည်ညိုညွတ်တိမ်း၊ ပိုက်ထုပ်သိမ်း၍
မယိမ်းစင်းလျင်းငြိမ်းစီမင်း --။
ထုံးမှီးနည်းနာ၊ အဖြာဖြာ၌
ပညာရှာမှီး၊ မကြီးသက်ရွယ်
အငယ်သော်က၊ ကြိုးလုံးလလျှက်
တုပ်ကွပုဆစ်၊ ဆရာစစ်သို့
ကြောက်ချစ်ရိုသီ၊ စာပီတတ်ကြောင်း
တချောင်းချောင်းလျှင်၊ ငြိမ်အောင်းသည်းခံ
ဆရာထံ၌၊ သင်အံမှတ်သိ
တနိတခြား၊ ပွားများစုံစီ
ဝမ်းထဲခွီ၍၊ တလီတထူး၊ ဂုဏ်ကျေးဇူးကို
ဆည်းပူးသိမြင်ကြွယ်စီမင်း --။
(ရခိုင်သူမြတ်)
ကျမ်းကိုး..
ရခိုင်ရာဇ၀င်သစ်ကျမ်း(ရမ်းပြည့်မြို့တောင်ကျောင်းဆရာတော်ကြီးဦးစန္ဒမာလာလင်္ကာရ)
Read more...
Saturday, October 3, 2009
လောကသာရပျို့ ရခိုင်သူမြတ်
(၁)ကြားပိမ့်သူမြတ်၊အများမှတ်စိမ့်၊ဟိတတ္တိက၊သြ၀ါဒဖြင့်ဆုံးမပီးလီ၊နားဝင်စီလော့၊နီသိုထင်ယှား၊ဘုရားတရားသင်္ဃာ၊ရတနာထွဋ်ထား၊မြတ်သုံးပါးကို၊ဦးထွဋ်ထက်၊အမြဲရွက်ဆို၊စုံမက်သဒ္ဒါကြည်စီမင်း။
(၂)
အသက်ရှည်စွာအနာမဲ့ကြောင်း၊ကောင်းလှစီချင်၊ပဲ့ပြင်နိစ္စ၊ကွပ်ဆုံးမသား၊မိဘဆရာကျမ်းစာသိမြင်၊တတ်အောင်သင်လော့ပေါ်လွင်မပြု၊ကောင်းရာတုလျှက်၊ကောင်းမှု့မြတ်နိုး၊ကောင်းအောင်ကြိုး၍ ၊ကောင်းကျိုးကိုယ်၌တည်စီမင်း၊
(၃)
သူကြီးမိဘ၊ဆရာစသား၊စိုးရသခင်၊ကျေးဇူးသျှင်သို့ပြစ်တင်မောင်းမဲ၊ရိုက်ပုတ်ဆဲလည်း၊၀မ်းထဲယုံ့ယုံ့၊ယုန်လျှင်ကျုံသို့၊ဆိုတုံ့မ၀ံ့၊စောင်းမာန်ညံ့၍၊ကြောက်ရွိ့ရိုသေ၊သီးခထွေဖြင့်၊ကောင်းနီနှလုံးယဉ်စီမင်း။
(၄)
ဆန္ဒာဒေါသ၊ဘယာမောဟ၊အပ္ပ္ပါယ်ကျသား၊ဓမ္မလေးမည်၊ဂတိတည်လျှက်၊နတ်ပြည်လူ့ရွာ၊ချမ်းသာကောင်းမွန်၊စံဆုန်ဆန်၍၊နိဗန်ရောက်ကြောင်း၊ကျင့်ကောင်းသီလလှူဒါနနှင့်၊ပုညလယ်မြီ၊စိုက်ကြဲထွေဖြင့်၊ ပျိုးခြီအပင်စည်စီမင်း။
(၅)
ကိုယ်နှုတ်နှလုံး၊စောင့်သုံးမြဲစွာ၊သတ္တာဝါကိုမေတ္တာသက်စီ၊လှူဖို့ဝီ၍၊စိတ်စိကြင်သန်၊သဘောမှန်သားပစ္စုပ္ပန်သံသရာ၊ချမ်းသာစီးပွား၊နှစ်ပါးမြင်တတ်၊သူတော်မြတ်ကို၊မပြတ်ချစ်ခင်၊မိတ်ကျွမ်းဝင်ရ။မြဲပင်စင်းလျှင်း၊ပေါင်းယှဉ်မင်း၊
(၆)
ပညာမျက်စိ၊မြင်မဟိရမသိတရား၊အယူမှားလျှက်၊စီးပွားမမျှော်၊ကျိုးမပေါ်သား၊သူတော်မဟုတ်၊ယုတ်သည့်စရိုက်၊လူသူမိုက်ကို၊မကြိုက်မချစ်၊ရန်သူစစ်သို့၊မနှစ်သက်ပဲ၊၀ီးစွာချဲ ၍ ၊အမြဲခွာယှင်းဖဲကြည်မင်း။
(ရ)
ပါဏာတိပါတ်၊မသတ်သူ့အသက်၊ခိုးဝှက်မမူ၊မယူသီစာ၊အိမ်ယာမမှား၊မုသားမဆို၊ကိုယ်ကိုနှိမ့်ချ၊စောင့်သီလနှင့်၊ဒါနလှူဝတ်၊ရက်မချွတ်လျှင်၊မပြတ်ဆောက်တည်၊ဆုကြီးရည်၍၊မကြည်ခိုက်ရန်၊သူကျူးလွန်လည်း၊စောင်းမာန်မပြင်းယဉ်စီမင်း၊၊
(ဂ)
မိခင်ဖခင်၊ကျေးဇူးသျှင်ကို၊ချစ်ခင်မြတ်နိုး၊ဂူပထိုးသို့၊ရှိခိုးဦးတင်၊ကြည်လင်မြတ်လေး၊သိမ်းမြန်းမွှီး၍၊လုပ်ကျွေးခယ၊ရိုတုတ်ကွလျှက်၊ကြီးလှသက်အို၊မျိုးဆွီကိုလည်း၊ကြည်ညိုညွတ်တိမ်း၊ပိုက်ထုတ်သိမ်း၍၊ခပ်သိမ်းမယွင်း၊ငြိမ်းစီမင်း..။
(၉)
စတုဒိတာ၊လေးမျက်နှာမှ၊ရောက်လာအများ၊ပုဏ္ဏားရဟန်း၊ဆွမ်းပန်းချို့တဲ့၊ရိက္ခာမဲ့ကို၊ဟူခဥစ္စာ၊အိမ်လှောင်ခါ၌၊လွယ်ကာထားယူ၊ထိုသည့်သူသို့၊လိုတူမှတ်သား၊သနားမြတ်လည်း၊၀တ်စားပီး၍၊ကျွေးမွီးထံရင်းငြိမ်းစီမင်း။
(၁၀)
အနိစ္စနှင့်၊ဒုက္ခအနတ္တာ၊သုံးပါးလက္ခဏာ၊မချာအောက်မိ၊တစိစိလျှင်၊အလေ့အထ၊ကွပ်ဆုံးမ၍၊ပဉ္စခန္ဓာ၊ငါးဖြာနာမ်ရုပ်၊ဖြစ်ချုပ်ကြိမ်ဖန်၊စက်ဝဟန်သို့၊ဖန်တလဲလဲ၊၀ဋ်ဆင်းရဲကို၊၀မ်းထဲသံဂေ၊ထိတ်လန့်ထွေဖြင့်၊ရိုသေသည်းတွင်းကျိန်းစီမင်း၊
(၁၁)
လောဘ၊မောဟသူပျက်၊နိတိုင်းဖက်၍၊အမျက်လည်းလွန်၊တချင်သန်လျှင်၊ပြီးလွန်ဖင်ဖင်၊အာရုံမြင်ကခင်ခင်မွတ်မွတ်၊လိုက်တုံတတ်သား၊ထူးပွတ်မဆိုင်း၊စိတ်ဆင်ရိုင်းကို၊သုံးပိုင်းမချာ၊ယဉ်စိမ့်ဌာလျှင်၊ပညာထိမ်း၍မှိန်းစီမင်း။
(၁၂)
လယ်လုပ်ကုန်သွယ်၊ရောင်းဝယ်မြီချ၊တွက်ဆစိတ်ပြား၊အပါးပါးလျှင်၊အပွားအရင်းလတွင်းတက်တိုး၊ထမ်းပိုးနှစ်လည်၊ချသည်မပြတ်၊အိမ်ထောင်ဝတ်ဖြင့်၊အမှတ်မြဲမံ၊လုပ်ကြံကြိုးစား၊ကျွဲနွားဆိတ်ဝက်၊၀မ်းဘဲဌက်နှင့်၊ကြက်ကမကြွင်း၊သိမ်းမွီးပြင်းလျှက်၊များခြင်းစုံစီ၊တန္ဒီပယ်ချောင်း၊ထပ်ကာလောင်းလျှက်၊ပဲပြောင်းစပါးကျီပြည့်ထားလျှက်၊ခွက်ပြားရွှေ၊ငွေ၊ဆည်းပူးထွေဖြင့်၊မျိုးဆွီမှီတင်းကြွယ်စီမင်း။
(၁၃)
ထုံးတီးနည်းနာ၊အဖြာဖြာ၌၊ပညာရှာမှီး၊မကြီးသက်ရွယ်၊အငယ်သော်က၊ကြိုးလုံ့လလျှက်၊တုတ်ကွပုဆစ်၊ဆရာစစ်၌၊ကြောက်ချစ်ရိုသေ၊လုပ်ကျွေးထွေဖြင့်၊စာပီတတ်ကြောင်း၊တချောင်းချောင်းလျှင်၊ခြိမ်းမောင်းသီးခံ၊ဆရာထံ၌၊သင်အံကျက်သိ၊တနိတပါး၊မှတ်သားပါလီဝမ်းထဲခွီ၍အထွေအထူး၊ဂုဏ်ကျေးဇူးကို၊ဆည်းပူးသန့်ယှင်းကျေစီမင်း၊
ထုံးမှီးနည်းနာ၊အဖြာဖြာ၌ပညာရှာမှီး၊မကြီးသက်ရွယ်၊အငယ်သော်ကကြိုးလုံးလလျှက်၊တုတ်ကွပုဆစ်၊ဆရာစစ်သို့၊ကြောက်ချစ်ရိုသီ၊စာပီတတ်ကြောင်းတချောင်းချောင်းလျှင်၊င်ြမ်အောင်သည်းခံဆရာထံ၌၊သင်အံမှတ်သိတနိတခြား၊ပွားများစုံစီ ၀မ်းထဲခွီ၍ ၊ တလီတထူးဂုဏ်ကျေးဇူးကို၊ ဆည်းပူးသိမြင်ကြွယ်စီမင်း .....။
(၁၄)
ဘိုးဘီးစဉ်ဆက်၊မပြက်သုံးစွဲ၊ကျင့်မြဲလုံ့လ၊စာရိတ္တဖြင့်၊မိဘအလိုက်စရိုက်ကျင့်ရိုး၊အမျိုးနွယ်လျဉ်၊စောင့်စည်းကြဉ်၍၊အယှဉ်အပေါင်းခင်ပွန်းကောင်းနှင့်၊သူဟောင်းသက်ကြီး၊ထုံးနည်းတီးကို၊မငြီးမငွေ့၊ကျက်မှက်လေ့လျှက်၊ခြောက်သွိဝကား၊စပ်ကြားသူပျက်၊ကုန်းတိုက်ဖျက်လည်း၊ရက်ရက်မယုံလွယ်နှင့်မင်း ။
(၁၅)
သူတော်တကာ၊တတ်စရာသား၊အဌာရသ၊သိပ္ပအပြား၊အတတ်များကိုမှတ်သားသတိ၊ပညာဟိရို့၊တတ်သိအပ်စွ၊ထိုသိပ္ပကို၊နှံ့မျှလုံခြုံ၊မတတ်တုံလည်း၊တစုံတခုတတ်အောင်ပြု၍၊လူမှု့အိမ်ထောင်၊စီးပွားဆောင်လော့၊ညဥ့်မှောင်မသိ၊ကြက်မျက်စိသို့။မိမိကိုယ်အတတ်ချို့လည်း၊သူရို့ပြစ်တင်၊ဆင်းရဲမြင်အံ့၊ထင်ထင်မြက်မြော်၊မကော်ရော်သည်၊အိုသော်သူမရယ်စီနှင့်မင်း.။
(၁၆)
ဃရာဝါသ၊သမဓဟု၊ကိစ္စမြားမြောင်၊လူရို့ဘောင်၌၊အိမ်ထောင်သက်မွီး၊ခြနှယ်ပြီးသား၊လူရေးကျေးစွာ၊အဖြာဖြာကိုလိမ်မာအတတ်၊ခြားရဟတ်သို့၊လှည့်ပတ်ပြီးမှ၊ကြံတွက်ဆလျှက်၊လုံ့လပင်စည်၊အရင်းတည်လျှက်၊ခက်ရှည်ပညာချမ်းသာအသီး၊ကြီးစရွီရွီ၊အဓလေ့ဖြင့်၊မမိမကျန်လူမှုပွန်လျှက်၊စောင်းမာန်မဲ့ဆုံး၊တော်ဖြေင့်သုံး၍၊နှလုံးသန့်စင်ကြွယ်စီမင်း။
(၁ရ)
လေးကျွန်းထိပ်ခေါင်၊မြင့်မိုရ်တောင်နှင့်ယှဉ်ဆောင်နှုင်းလည်း၊အတိုင်းမသိ၊ကျေးဇူးဟိသည်၊အမိကားတိုက်၊သိုက်ကားမယား၊သားကားနွယ်ဆက်၊ခက်လက်မျိုးဆွီ၊ကျွန်ခြွေရွှေနှင့်၊အုပ်ထွေမကွဲ၊လူခပဲအား၊ဆင်းရဲဖျောက်ပယ်၊ချမ်းသာကယ်၍၊လူဝယ်လူကောင်း၊ဖြစ်တော်ချောင်းဟု၊လူပေါင်းပြောပ၊ချီးမွမ်းရလျှက်၊ကြောင့်ကြဘေးဘျမ်း၊ဖျောက်နိုင်စွမ်းသား၊စိတ်ဝန်းဖြောင့်တန်း၊ဆွီခင်ပွန်းကို၊ချစ်ပန်းနံ့မပြယ်စီနှင့်မင်း။
(၁၈)
စိမြေ့သိပ်သည်း၊ရွိရွိဆည်းလော့၊စရည်အိုးခွက်၊ကြီးစွာလျက်လျှင်၊စဉ်စက်ကျများ၊ပြည့်သောလားသို့၊ပျား၏နည်းထုံး၊မှတ်ကျင့်ထုံး၍၊ုခြပုံးတောင်ပို့၊ဖို့သည်းခြင်းရာ၊လူလိမ်မာရို့၊ဥစ္စာဆည်းထွေ၊တတ်လှစီလော့၊ကြွက်သီတခုအရင်းပြု၍ကြွယ်မှု့တတ်ဆုံး၊သဌီးထုံးကို၊နှလုံးမူလျှက်၊ကြံစည်နက်ကို၊သူထက်ကုံးကယ်ကြွယ်စီမင်း၊
(၁၉)
လုံ့လပညာ၊လိမ္မာတတ်တုံ၊ဆင်စွယ်စုံသို့၊ကိုယ်လုံမြဲမြံ၊ကောင်းအောင်သံသားလုပ်ကြံသေသပ်၊ယောက်ျားမြတ်ရို့၊မှတ်သည့်အတိုင်း၊ပြည့်လှိုင်ချမ်းသာစီးပွားရှာအံ၊ပညာချို့တဲ့လုံလမဲ့ဟု၊ကဲရဲ့သဂြိုဟ်၊သူများဆိုလည်းကိုယ်ကိုမချစ်၊အကျင့်ညစ်သား၊အပြစ်ဖွဲပို့၊လူသွမ်းရို့ကားမည်သို့မသိပျင်းရိရိလျှင်၊ရှိသည်ကိုယ်ဖို့၊ကုသိုလ်ပို့ကငါရို့နီရာ၊စီးပွားလာအံ့၊ကြမ္မာကိုယ်ချည်း၊မှတ်ထင်ရည်း၍၊ကျင့်နည်းညံ့ဆုံး၊သူပျက်ထုံးကို၊နှလုံးမငြိတွယ်စီနှင့်မင်း။
(၂၀)
ကျောင်းတော်ခရီး၊လမ်းမကြီး၌၊ပင်ထီးပညောင်၊မြစ်တထောင်နှင့်၊မြားမြောင်ခက်လတ်၊ရွက်လည်းစိတ်စိတ်၊စိစိသိုလျှက်၊ရိပ်လည်းမြိုင်မြိုင်လီမနိုင်လျှင်၊ပင်ခိုင်သီးမှည့်၊အပြည့်ကျီးငှက်၊စားလျှက်သောင်းသဲ၊မှီဝဲလူဗိုလ်၊ရိပ်ခိုအများခရီးသွားရို့၊နားနီးပျော်ရွှင်ထိုသစ်ပင်ကား၊၀င်လာသောသူ၊ခပ်သိမ်းလူကို၊
ပူဆာငြိမ်းအောင်၊စိးပွားဆောင်သို့၊လူ့ဘောင်ကောင်းကြွယ်၊လူကုံကယ်လည်း၊ထိုနှည်လည်းကောင်း၊ဖြစ်တုံချောင်း၍ ၊မျိုးပေါင်းဆွီပါး၊လူအများကိုသနားကြင်နာ၊စီးပွားရှာ၍ ၊
မေတ္တာမကင်း၊မစခြင်းဖြင့်၊ထံရင်းမှီကိုးကွယ်စီမင်း။
(၂၁)
ပျူပျူငှာငှာ၊လူတကာကို၊သာသာချိုချိုချစ်ဖွယ်ဆို၍၊စိုစိုပြည်ပြည်၊ကျင့်မူနည်းဖြင့်၊လည်လည်ပတ်ပတ်လောကပတ်၌၊ပြတ်ပြတ်သားသားအပြားပြားလျှင်၊မှုများခပ်သိမ်း၊ဆောင်တိုင်းငြိမ်းလျှက်၊သူစိမ်းသူကျက်၊ပေါင်းဖက်သရွီ၊မိဘတွိသို့၊မွိမွိလျော်လျော်၊ပျော်ပျော်ပါးပါး၊နှတ်ချိုပျားနှင့်၊၀တ်စားထောက်ပံ့၊ဖြန့်ဖြူးနှံ့လျှက်၊အလွန်အကျွန်ကျေး၊ဆွီသားမြေးကို၊ကျွေးမွေးမညှိုးငယ်စီမင်း ၊၊
(၂၂)လောကသာရ၊ကျမ်းအစ၌ဆုံးမစကား၊မျိုးလေးပါးကို၊မှတ်သားစိမ့်ငှာ၊ပျို့လင်္ကာဖြင့်၊နည်းနာထွေပြား၊ထုံးပေါင်းကြားသည်၊တခြားပထမပိုင်းတည်း...၊ ၊၊
လောကသာရကျမ်းဆုံးမစာဒုတိယပိုင်းသို့...
Read more...
Friday, October 2, 2009
လောကသာရပျို့...ဒုတိယပိုင်း
(၂၃)ပြည်သူ့ထွဋ် ဦး၊ဘုန်းရောင်မြူးသည့်ရန်ငူးလူ့ဘောင်၊ထွဋ်ခေါင်ရာဇာ၊ဆုံးမနာလော့၊ကမ္ဘာအစ၊မဟာသမ္မတ၊ခတ္တိယရို့၊နီကြကျင့်ရိုး၊ကောင်းကျိုးအလှူ၊စွန့်ကြဲမူလည်း၊စိတ်ယူဖြောင့်စင်း၊နူးညံ့ခြင်းနှင့်၊သီတင်းစောင့်စည်း၊မျက်နည်းသည်းခံ၊ခြိုးခြံသမှု၊မပြုညှင်းဆဲ၊ဆင်းရဲမရှာ၊မေတ္တာသက်ဖြန့်၊လူအ၀ှန့်အား၊မဆန့်ကျင်ပြီး၊ဤသို့ရီးသား၊ဆယ်ထွေစောင့်ကြပ်၊တရားကွပ်၍၊လက်ထပ်ခေါ်ပြု၊သဂြိုဟ်မှုလည်း၊လေးခုအစိ၊ပြဂတိဖြင့်၊ကျင့်လေမကြွင်းကျန်စီမင်း။
(၂၄)ပြည်ကြီးသေဌိနင်း၊မင်းတို့သော်ကား၊သူတပါးထက်၊ဆယ်ဆတက်၍၊အိပ်စက်နည်းပါး၊လူအများကိုစီးပွားချမ်းသာ၊နိတိုင်းရှာလော့၊အခါခပ်သိမ်း၊မုဒိမ်းခိုးသူ၊မပူစီရ၊ဆုံးမကွပ်ညှပ်၊ပညတ်အလွန်၊ရှီးမင်းမွန်ရို့၊ညွှန်ခဲ့သောတိုင်း၊ကျင့်သမိုင်းဖြင့်၊နှုန်းနှိုင်းမယွင်း၊တမျဉ်းခင်းသို့၊ကျင့်ခြင်းမချွတ်။တည့်မတ်မတ်လျှင်၊လူနတ်ချစ်ဖွယ်၊ကျေးဇူးကြွယ်၍၊ကျင့်နွယ်လမ်းရိုးမှန်စီမင်း။
(၂၅)
မမိမလျော့မပေါ့လုပ်ကြံ၊ကျွန်ကိုယ်ရံလည်း၊မြဲမြံစောင့်ယှောက်၊ထက်အောက်တွင်းပြင်၊မွမ်းပြင်အပြည့်၊အိပ်ဖန်ထည့်လျက်၊အကြည့်အရှု၊အမှုမလင့်၊အကျင့်မကောင်း၊အဟောင်းအသစ်၊ထွက်ဝင်စစ်၍၊ကျွန်ချစ်ကျွန်ယုံ၊ထမ်းကုန်မှုများ၊ရီခြားမြော်မြင်၊တိုင်ပင်ကြံသီး၊အမတ်ကြီးကို၊အနီးထံပါးသက်စောင့်ထား၍၊ယုံမှားမဲ့လျှင်း၊နှလုံးသွင်းလျှက်၊ချစ်ခြင်းသူထက်လွန်စီမင်း။
(၂၆)
ပြည်ထဲအရေး၊ပေါက်နှင့်ကျေးသို့၊ကြံတွေးလှည့်ကာ၊မသိတာတည့်အရာမြင်မြင်၊မဖြစ်ခင်က၊တိုင်ပင်မမြတ်၊ကျွန်မူးမတ်နှင့်၊ကြန်ဘတ်ဟူးရား၊ပညာများသား၊ပုဏ္ဏားရဟန်း၊ရှိသည့်ဝန်း၍၊ကိန်းခန်းဒသာ၊အခါမီးမူ၊အရှိအနောက်၊တောင်မြောက်ရီကြီး၊စီစဉ်သည်းလျှက်၊စောင့်စည်းရံတား၊ကင်းထောက်ထား၍၊မြီခြားသူမလွန်စီနှင့်မင်း။
(၂ရ)
သူ့ပြည်သူ့ရွာ၊သူ့ရပ်မှာ၌၊ခြင်းရာသိကြောင်းဥဏ်ကောင်းရေးဝင်၊တိုင်ပင်ကြံထွေ၊သူလျှိုစီ၍ ၊မနီစုံစမ်း၊ကြိုးပမ်းလုပ်ဆောင်၊အားအင်ထောင်လျှက်၊နောက်နောင်မြီသား၊စီပွားရှည်စီ၊တည်စိမ့်စီကြောင်း၊နှုတ်ကောင်းခွန်းသာလက်ဆောင်စာနှင့်၊စီပါးစင်းလျင်း၊ထိုထိုမင်းကို၊ချစ်တင်မီးမြန်းဆွီခင်ပွန်းဟု၊မိတ်မှန်းကိုယ်ကို၊တံဆစ်ဆို၍၊ချစ်လိုစကားမှန်စီမင်း။
(၂၈)
ငါ့ပြည်ငါ့ရွာ၊ငါ့ရပ်မှာ၌၊ဇာတာအလို၊ဂြိုဟ်လည်းမကောင်း၊ထပ်လောင်းထိပ်ထုံ၊ပျံတုံကျီးငှက်၊နှုတ်ထွက်စနည်း၊နှော်ယှက်သည်းမူ၊စောင့်စည်းရံတား၊မန္တရားနှင့်၊သမားကွယ်ကာ၊လွတ်စိမ့်ဌာဖြင့်၊ဂြိုဟ်စာပို့ပီး၊သန္တီးပူဇော်၊သင်္ကြန်ခေါ်၍၊သုံးဘော်မြတ်စွာ၊ရတနာကိုမကွာကယ်ဆည်း၊ကောင်းမှု့ချည်းတည့်၊ဖြင့်ပည်းပြောထူ၊စွန့်ကြဲလှူ၍၊ကြည်ဖြူစိတ်ထက်သန်စီမင်း ၊
(၂၉)
ခပ်သိမ်းပြည်သူ၊ရဟန်းလူကို၊သိမ်းမြန်းပိုက်ထုပ်၊ကြက်သားအုပ်သို့၊မလှုပ်စီကြောင်း၊လှည့်ဖြားယောင်းလျှက်၊ကျင့်ဟောင်းမလွန်၊တုတ်ခွန်အပြင်း၊သနားခြင်းဖြင့်၊နှိပ်နင်းကလူမပူစီရ၊ကွပ်ဆုံးမလျှက်၊ထွန်းပပြောင်ပြောင်၊မိုးထိပ်ခေါင်၌၊အရောင်ချမ်းလွန်၊လဗိမ္မာန်လျှင်၊ပူပန်မဟိ၊ငြိမ်းလီဘိသို့၊ကြယ်တိရံကာ၊တင့်တယ်စွာသား၊ပမာပုံသင့်၊လနှယ်ပွင့်၍ ၊လင်းပွင့်တိုင်းကား၊စည်ပင်ပွားလျှက်၊လူများကောင်းကျိုးထွန်းစီမင်း။
(၃၀)
လူများအထိပ်၊စိုးမိုးနှိပ်သား၊တံဆျပ်မှန်ကင်း၊ထိုထိုမင်းကား၊ဖွေနည်းစိစစ်၊ရန်အမြစ်ကို၊တူးပစ်နိုင်စီ၊ရန်မြစ်သီမှ၊ရွာနီပြည်သူ၊ခပ်သိမ်းလူကို၊မပူမဆာ၊ငြိမ်းချမ်းသာအံ့၊မလာနှစ်ဆစ်၊မိုးကြိုးပစ်သို့၊ရန်စစ်များကို၊ဖျောင့်လွင့်ဖြိုလော့၊ရန်လိုမဟိ၊ရဲစွမ်းပြည့်သား၊မလှည့်ငဲ့စောင်း၊သူရဲကောင်းကို၊များကြောင်းဆည်းပူး၊ပီးကမ်းကြူးလျှက်၊ကျေးဇူးအလိုက်၊သိမ်းမြန်းပိုက်၍၊ချစ်ကြိုက်သနား၊ရင်ဝယ်သားသို့၊ဖြည့်ပြားမင်းရေးပွန်းစီမင်း။
(၃၁)
ကာမဒေ၀၊စသည်အပြား၊နတ်လေးပါးတွင်၊တပးမည်မှတ်၊လောကနတ်ဟု၊လူထွဋ်ဦးစွန်း၊ဘုန်းတော်ထွန်းသား၊လျှံဝန်းစိုးပိုက်၊မင်းသို့လိုက်၍၊ပြည်၌ပြည်သူ၊မင်းမတူလျှင်၊ကျင့်မူမလွဲ၊သုံးစွဲလေ့လာ၊ကျင့်ကုန်ရာသည်၊ရာဇပြဌာန်း၊ကြဌန်းမှန်ကင်း၊မကြောင်းရင်းကား၊မင်းလျှင်တယောက်၊လှံမစောက်ဖြင့်၊မကောက်မယွန်း၊တော်ဖြောင့်တန်းက၊ထက်န်းဗိုလ်ပါ၊လူတကာလည်း၊ညီညာတော်မှန်၊မင်းအဟန်သို့၊ကောင်းမွန်ကျင့်မှု၊နှလုံးပြုအံ့၊ပြည်သူ့မျက်ပွင့်၊ကောင်းအောင်ကျင့်လော့၊
ပုံသင့်ကျမ်းလာ၊
ဥပမာကားအ၇ာအထောင်၊နွားကုန်အောင်တွင်၊ရှိဆောင်နွားလား၊ဖြောင့်ဖြောင့်လားကာ၊နွားများစင်စိုက်၊
ဖြောင့်ဖြောင့်လိုက်သို့၊ရိုက်ကျင့်မူ၊ခပ်သိမ်းလူလည်း၊ထို့တူလည်းကောင်း၊ဖြစ်ရာချောင်းသည်၊မင်းကောင်းတော်ဖြောင့်မှန်စီမင်း။
(၃၂)
မာသုကုဇၹ်ိ ၊မဟာရာဇာ၊မာသုကုဇၹ်ိ၊ ရေထသဘ၊သမဳ ဒၶွ လျှင်၊ဆုံးမဟောကြား၊ဤတရားကို၊မှတ်သားလည်းပြု၊သီးခံမှုဖြင့်၊ပြည့်သူ့ခမည်း၊မျက်တော်နည်းလော့၊ဖြုတ်ချည်းမအမျက်၊ထွက်သက်မပြင်း၊လူခပင်းကား၊မင်းကိုကြောက်ယှောင်၊လောင်ပူရဲရဲ၊ရှားမီးခဲသို့၊၀မ်းထဲချဲ့ချဲ့၊အမျက်မဲ့လည်း၊တုန်လဲ့ရွံ့ရှာ၊ကြောက်ကုန်ရာနှင့်၊ပြင်းစွာအမျက်၊ထွက်တပြီးကာ၊ကြက်သီးထ၀ှန်၊အူချာမွှန်မျှ၊အလွန်အကြူး၊ကြောက်မိန်းမူလျှက်၊ဆူးဆူးရားရား၊အမျက်အားကိုး၊တရားစွဲကိုင်၊မချုပ်နိုင်သည်း၊စိတ်ခိုင်တည်တံ့၊ဆင်ဖြင်ဝံ့၍၊မ၀ံ့နှစ်ဆစ်၊ကြိမ်ဖန်စစ်၍၊အပြစ်အလျေက်၊သုံးကြိမ်မြောက်မှ၊သေလောက်လျော်ဖီး၊မင်းဒဏ်ပီးလည်း၊ကွပ်ရေးဖန်များစီနှင့်မင်း။
(၃၃)
ခပ်သိမ်းပြည်သူ၊လူများထိပ်မိုး၊ရီမြီစိုးထ၊ပြည့်ဖြိုးချမ်းသာ၊ကျင့်ရာအများ၊ခုနှစ်ပါးလျှင်၊စီးပွားစင်စစ်၊များသည်ဖြစ်၍သျှင်ချစ်ဘုရား၊မင်းတို့အားကို၊ဟောထားခဲ့သည်၊ခုနှစ်မည်ကာ၊လူပြည်စောင့်တတ်။နတ်ကိုမြတ်နိုး၊အမျိုးဆွီနီး၊သက်ကြီးရိုသေ၊ပြည်နီရွာသူ၊နိုင်ထက်မူဖြင့်၊မ.ူားမြီး၊မှုရီးတိုင်ပင်၊ညီညွှတ်အင်နှင့်လာချင်ထက်ဝန်း၊ရဟန်းပုဏ္ဏား၊သိမ်းပကားဖြင့်၊တရားမယွင်း၊ဖြည့်တင်းကျွေးမွီး၊မလာသိမ်းသော်၊နီးဝီးရပ်သား၊သူရို့အားကို၊မလားစီအောင်၊ကျေးဇူးဆောင်လျှက်၊ပြည်ထောင်အရေး၊ရှေးကတွေးသည်၊ပညတ်မလွန်၊လမ်းမှန်စိုက်စိုက်၊ရာထင်လိုက်လျှက်၊တိမ်ထက်လှစ်ထွန်း၊လအ၀န်းသို့၊လေးကျွန်းရိပ်မှောင်၊ဘုန်းအရောင်ဖြင့်၊ပြောင်ပြောင်ဝင်းဝါ၊ငြိမ်းချမ်းသာ၍၊ပြည်ရွာတိုင်းကားပွားစီမင်း။
(၃၄)
သမ္ဘာရင့်ဖြိုး၊ရှိးကောင်းကျိုးကြောင့်၊တန်ခိုးထွန်းလျှံ၊လူထိပ်စံသား၊ဘုန်းချွန်ရန်နည်၊မင်းရို့သည်ကား၊အရှည်ရေးရာ၊မြင်နိုင်စွာသား၊လိမ်မာက၀ိ၊ပညာဟိကို၊ပီတိချစ်ပြင်း၊နှလုံးသွင်း၍၊ဆိုခြင်းထွက်သံ၊နားပါးခံလျှက်၊ထုံးစံနည်းနာ၊တိုင်ပင်ရာ၏၊ဥာဏ်ဝါကွန့်မြူး၊ဂုဏ်ဖြင့်ထူးသာ၊ကျေးဇူးရောင်ငြိ၊ပညာဟိနှင့်၊ပြည်ကြီးသေဌီနင်း၊ပြည့်သျှင်မင်းရို့၊မကင်းစီရာ၊ဥပမာကား၊ရတနာဂူ၊နန္ဒမူ၌၊ပဉ္ဖူပန်းလား၊ကျော်ထင်ယှားအံ့၊နှစ်ပါးပေါင်းဖက်၊အကျိုးနက်အံ့၊ထမ်းရွက်ဆောင်ပြု၊ပြည်ထဲမှုကြောင့်၊စိငုမြင်ပြီး၊ပညာကြီးကို၊ထုံးတီးစုံရီး၊ပုံစံမီး၍၊ကျင့်ရေးလွန်စွာဖြာစီမင်း။
(၃၅)
ဆင်မြင်းရထား၊ခြီသည်အားနှင့်၊လေးပါးစစ်အင်၊စစ်ဘုရင်လည်း၊မွမ်းဖြင်ဖြီးထွေ၊များလှစီလော့၊အနီမကျ၊ရန်စစ်ထသော်၊ဖြဖြလိုက်လံ၊စစ်ဦးနှံမှ၊ရွံ့လေရွံ့ရွံ့၊နောက်မ၀ံ့တည့်၊ဖို့ရွံ့ညည်းတည်း၊ကြောက်ရွံ့သည်း၍၊သရည်းလီဖွယ်၊ရန်စစ်သွယ်လိမ့်၊မပြယ်လီသိမ်း၊စစ်မက်ကြိမ်းမူ၊ပွန်းတီးမှုဆောင်သူရဲခေါင်ကို၊ဆင်ပြောင်မုန်တပ်၊မင်းစီအပ်၍။နောက်ထပ်အများ၊ဆင်မြင်းပြားလျှက်၊ရှိဖျားတည်တွင်၊စစ်စီရင်လော့၊စစ်ဆင်သုံးပါ၊အဖျားဖြီးထပ်၊ပွင့်ချပ်ကြာသွင်၊ဆင်လည်းချွန်းတည်း၊မြင်းလည်းဇက်ချုပ်၊ခြီသည်အုပ်လျှက်။စစ်ရုပ်အ၀န်း၊ကော့ယွန်းတက်ဟန်၊လှည်းသဏ္ဍန်သို့တတ်ပွန်းနားဝင်၊စစ်ရေးဆင်၍၊အောင်မြင်စိမ့်ထွေ၊ဥကပဒေဖြင့်၊စစ်မြီအရပ်၊စစ်မှုးကွပ်လျှက်၊ရွပ်ရွပ်ထိုးခုတ်၊ကြက်ရစုတ်သို့၊အားထုတ်ကြိုးပမ်း၊လွန်စီမင်း။
(၃၆)
သာများမစ္စ၊စသည်အင်္ဂါ၊ခုနစ်ဖြာကို၊ပြည်ရွာပြကတိ၊စုံစိလျှင်းအောင်၊ပြည်ထောင်ဟူက၊ပြည်ကိစ္စကို၊လုံ့လဖြီးထူ၊နှလုံးမူလော့၊ရန်သူကြောက်ဖွယ်၊နက်ဝန်းကျယ်သား၊ပင်လယ်ကျုံးမြောင်း၊ရီနီကောင်းလျှက်၊ရဲလောင်းရင်တား၊တံခါးတုရိုဏ်၊ကြံ့ခိုင်မြို့ကို၊တသိန်းဖြိုလည်း၊မပြိုနိုင်မှု၊ကြီးကျယ်ထုနှင့်၊မျက်ယှုလှတင့်၊တန်ဆောင်ဆင့်၍၊သွယ်မြင်ပြဆောင်၊မြားမောင်လက်နက်၊မြို့ထက်ပတ်လျှောက်၊စစ်တဲဆောက်၍၊ရင်လျှောက်ပတ်ကုန်း၊သူရဲပုန်းကစသည်မကျန်၊တံခွန်လောက်လွဲ၊စူးရဲကစ၊အနီကျလျှင်၊သဗကိရိယာ၊မြို့တန်ဆာလည်း၊များစွာပြည့်နှက်၊ကြံစည်လက်နက်၊ကြမ်းခက်ရဲမာန်၊ခြင်္သေ့ဟန်သို့၊ရန်ကိုကဲမိုး၊မိုးနှယ်ကြိုး၍၊တန်ခိုးကျော်ထင်ရှားစီမင်း။
(၃ရ)
အမျိုးလေးပါး၊ပုဏ္ဏားပုဏ္ဏေး၊သဌေးသကြွယ်၊ကုန်သွယ်လူပင်၊သူထင်သူရှား၊ပြည်နီများလျှက်၊စပါးဆန်ရီ၊ပြည့်လွန်စီလည်း၊ပြောင်းပဲလူးဆတ်၊အထပ်ထပ်လျှင်၊အလပ်မြီနည်း၊လုပ်ကြံဆည်းမှ၊ပစ္စည်းဖြင်ပြီး၊ပြည်ကြီးလက္ခဏာ၊ရီဆာလောက်ငံ့၊စိနှံသိုထား၊ဆီးသမားနှင့်၊ဟူးရာမကွာ၊တတ်လိမ္မာသား၊ရေးရာပွန်းတီး၊မတ်ကြီးကြံထက်၊တုံ့ဖက်တိုင်ပင်၊မြော်မြင်ကျိုးကြောင်း၊ခင်ပွန်းကောင်းတည့်၊စောလောင်းကျင့်အပ်၊စောင်မကွပ်လျှက်၊ထူထပ်တိုင်းကား၊အောင်ခြင်းများလီ၊ပြည်ထောင်နိမျိုး၊လုပ်ဆောင်ကျိုးလော့၊မြင်းရိုးဆင်သည်၊စစ်ကျင်လည်သား၊ခိုင်ကျည်သူရဲ၊ရန်မဖဲကို၊ချစ်မြဲမြတ်လည်း၊ကျေးလက်ပီး၍ ၊သိမ်မွီးဖြည့်တင်း၊ဖြန့်ဖြူးခြင်းဖြင့်၊လွန်းမင်းချစ်သနားတည်စီမင်း။
(၃၈)
အခေါင်ကြငှန်း၊လူထိပ်ထွန်းသား၊ဦးစွန်းအချာ၊မင်းတကာရို့၊ပမာပုံခင်း၊ခြင်္သေ့မင်းနှင့်၊ကျင့်ခြင်းအညီ၊တူကြစီလော့၊လေးထွေအရိုး၊ခြင်္သေ့မျိုးတွင်၊တန်ခိုးကြီးခေါင်၊တောသုံးထောင်ကို၊စိုးပိုင်နှိမ်နှင်း၊စွမ်းအားပြင်းသည်၊သားမင်းမြတ်စွာ၊ကေသရာလျှင်၊အခါနိစ္စ၊သဘာဝဖြင့်၊သူရဇာတိ၊ရဲခြင်းဟိသည်၊မိမိအစာ၊ရှာလိုခါမှ၊နီရာကျောက်ဂူ၊ထွတ်လက်ပြုသော်၊ရန်သူယှူကြည့်၊ငဲ့လှည့်မျက်စောင်း၊ခြိမ်းမောင်းဟောက်သံ၊မြူးထူးစံမှ၊ချွံချွံစိုက်စိုက်၊သားကိုလိုက်၍၊သတ်ကိုက်စီးနွံ၊သွီးသံသောက်တုတ်၊အားကိုးထုတ်၍၊ကိုက်ဆုတ်နှိပ်နယ်၊ကြီးငယ်မဟူ၊လူများထိပ်လယ်၊စိုးစံပယ်သည်၊ဘုန်းကြွယ်ရာဇာ၊ကျင့်အပ်စွာ၊ရေးရာမျှော်ယှု ၊ခပ်သိမ်းမှု့ကို၊ဗဟုကိစ္စ၊ဟူသမျှင်လျှင်၊လုံ့လပည်းတူ၊အားကိုးမှုဖြင့်၊ရန်သူစဲ၍၊ပြည်ထဲပွင့်လင်းသာစီမင်း။
(၃၉)
နာရဓိပတိ၊သိဒ္ဓိထွဋ်တင်၊မြတ်ဆုံးတင်သည်၊ပြည့်သျှင်ဘုန်းလှိုင်၊ကျင့်နည်းခိုင်၍၊ဥဗျိုင်းငှက်တူ၊ကျင့်တော်မူသော၊ဖြူသည့်အဆင်း၊မွှီးရောင်ဝင်းသား၊လိုင်ကျင်းခြီရှည်၊ထိုငှက်သည်ကား၊ဖွေနီအစာ၊လှည့်ပတ်ရှည်၍၊မြစ်သာမြစ်လောင်း၊ချောင်းမြောင်းကမ်းနား၊သွားလာမွိညက်၊ငြိမ်သက်ဣိနြေ္ဒ ၊ထွေရှုစိမ့်စီ ၊ပိန်းပိန်းနီလျှက် ၊ရီမှာပွက်ကျင်၊ငါးကိုမြင်သော် ၊ခုန်မင်လျှပ်လျှပ် ၊ရအောင်ဟပ်သို့၊ပြည့်ကွပ်လူမှူး ၊စောရန်ငူးလည်း၊ဆူးဆူးကျင့်မူ ၊ဗျိုင်းမတူလျှင် ၊ဟူဟူသရွေ့၊အဓလေ့ဖြင့်၊အမွိစောင်ယှောက်၊သာလောက်ဖြည်းဖြည်း ၊ကျင့်သိပ်သည်းလျှက် ၊တိုင်တည်သမှု ၊
မျှော်ကြည့်ယှုမှ၊အန်တုအန်ပ ၊အစထော်လော် ၊ပေါ်သည့်အကြိုက်၊ ကွပ်ညှပ်လိုက်၍ ၊နောက်၌ရန်မလာစီနှင့်မင်း ။
(၄၀)
ဗာဟုဗလ ၊စသည်တွက်ရီ ၊အားငါးထွေဖြင့် ၊ တိုင်းပြည်သေဌီနင်း ၊မင်းရို့သော်သာ ၊ပြည့်နိုင်ရာဟု၊မြတ်စွာဘုရား ၊ဤလူများကို ၊ဟောကြားမိန့်မြွက် ၊ရေနှုတ်နက်ဖြင့်၊မပျက်စီအောင်၊ကျေးဇူးဆောင်လော့ ၊ လူ့ဘောင်လူ့ထွဋ် ၊လူမင်းမြတ်တို့၊ဆင်မှတ်တန်းဆာ ၊ရတနာသို့၊မကွာမြဲတည် ၊အားငါးမည်တွင် ၊အထွဋ်တင်သား ၊မျက်ရှင်အလား ၊ပညာအားဖြင့် ၊စီးပွားမြင်နိုင် ၊မြဲကြောင်းကိုင်၍၊ပြည့်လှိုင်ကျေးဇူး ၊အထူးထူးထွင် ၊အမှုးစစ်စစ် ၊ရှိလားဖြစ်လျှက် ၊အပြစ်ခွာယှောင် ၊အကျိုးဆောင်သား၊တက်ခေါ်င်လိမ္မာ၊မတ်ပညာကို ၊စီပါသုံးစွဲ ၊ကိုယ်၌မြဲကာ ၊ငရဲမလား ၊ရှိယူလားလျှက် ၊မြတ်ဖျားနိဗန်၊ ခရီးညွှန်လျှက် ၊သမန္တစက် ၊အမြင်နတ်သား ၊ပွားတတ်ပညာ ၊မတ်လိမ္မာအား ၊ဆရာတစ်ဆူ ၊တိုင်ပင်မူလျှက် ၊ဆုံးမခက်သား ၊သူပျက်တယောက် ၊ပါယ်မကြောက်ကို ၊နှင်ခြေက်ခြိမ်းမောင်း ၊စီးတချောင်းလျှင်၊ ထောင်းထောင်းညက်ညက် ၊မျက်နှာဖျက်၍ ၊ရန်ဘက်မညှာတာစီနှင့်မင်း ၊၊
(၄၁)
အပ္ပမေယျ၊အနန္တလျှင် ၊ဆုံးစမတင် ၊ကမ်းမမြင်သား ၊ရီပြင်ဝန်းကျယ် ၊ပင်လယ်မြစ်မ ၊သမုဒ္ဒ၌ ၊ငါးရာငါးစင်း ၊မြစ်ခပင်းရို့ ၊စင်းလျှင်းမရှာ ၊စီးဝင်လာသို့ ၊ချမ်းသာခေါင်ရောက် ၊မင်းဖြစ်မြောက်က ၊ထပ်လှောက်ရတနာ ၊များစွာလှသား ၊ဥစ္စာရွှေငွေ၊အထွေအပြား ၊အပါးပါးလျှင် ၊၀တ်စားတန်ဆာ ၊လိုရာရာတည့် ၊မကြာမတင် ၊ရောက်လာလျှင်လည်း ၊လိုချင်သမှု ၊မပြုလေကျင် ၊ပြည်ကြီးသျှင်ရို့ ၊ဆင်ခြင်ကောင်းစွ ၊စိတ်လောဘကို ၊တရာ့တစ်စင်း ၊ ထီးဆောင်းမင်းရို့ ၊လက်ရင်းကျပ်သို ၊ ကျွန်ပြုလိုလျှင် ၊သို့ကိုသော်လည်း ၊နည်းသည်နှင်နှင် ၊လိုအင်ပြည့်ခဲ ၊မရောက်ရဲတည်း ၊ပြည်ထဲသေဌီနင်း ၊မင်းတို့ဘုန်းအား ၊စည်ပင်ပွား၏ ၊ပြည်သားပြည်သူ၊ပြောထူပစ္စည်း ၊ဖြင်ပည်းခိုင်ဖြီး ၊ ကြွယ်မြောက်ပြီးမှ ၊သစ်သီးခိုင်ညွတ် ၊မှည့်မှဆွတ်သော် ၊ကောင်းမြတ်ရသာ ၊ချိုမြိန်စွာသို့ ၊ပမာထိုဟန်၊ မှည့်ခါတန်မှ ၊တုတ်ခွန်ခိုင်ပြွတ် ၊ပြည်သီးဆွတ်လျှက်၊အလွတ်မစား ၊အချို့စား၍ ၊အများကြွေးမွီး ၊၀ီငှပီးသည် ၊ကျင့်ရေးတတ်လိမ်မာစီမင်း ။
(၄၂)
ဝသုန္ဒရာ ၊မြေမျက်နှာထက် ၊ ကြမ္မာရှေးဘုန်း ၊ ကုသိုလ်မှုန်း၍ ၊ခါဆုန်းချိန်သင့် ၊ကြာနှယ်ပွင့်သား ၊ရင့်သည့်တေဇ ၊ တန်ခိုးပလျှက် ၊လူများမျက်စိ ၊ နရာဓိသို့ ၊ဂတိလေးပါး ၊မမှားစီအောင် ၊ ကျေးဇူးဆောင်၍ ၊တည်ထောင်ကမ္ဘာ ၊ အစစွာက ၊ ဆရာမနု ၊ရသေ့ပြုသား ၊ လူမှုဆုံးဖြတ် ၊ ဓမ္မသတ်နှင့် ၊ ညီညွတ်မယွင်း ၊စောင့်စည်းခြင်းဖြင့် ၊ခပင်းမျက်နှာ ၊ မနာအားပါး ၊နှစ်ဘက်သား၏ ၊အကြားလယ်မှန် ၊ချိန်ခွင်မှန်သို့ ၊ဧကန်ကျကျ ၊မီးမြန်းမှလျှင် ၊မဆမတွေး ၊ရှုံးနိုင်ပီးလော့ ၊အရေးအလျောက် ၊မဖောက်မှန်ကန် ၊ကျမ်း၌မှန်သား ၊ရှီးလွန်နည်းမှီး ၊ထုံးတည်းမှတ်သား ၊ပိုင်းခြားအဟုတ် ၊ စက်သွားခုတ်သို့ ၊စုတ်စုတ်ထွင်းထွင်း ၊ကြံထိုးယွင်းလျှက် ၊စင်းစင်းမတ်မတ် ၊တရားဖြတ်၍ ၊လူနတ်ကောင်းချီး ငြာစီမင်း ။
(၄၃)
မဟီပတိ ၊ ယသဿိဟု ၊ မြီကြီးသခင် ၊စီးစိမ်ပြင်သား ၊ကျော်ထင်လူ့ပြည် ၊မင်းရို့သည်လျှင် ၊အရှည်မမျှော် ၊မတော်အလျား ၊မိလျော့ငြားလည်း ၊တရားမစောင့် ၊မစောင့်မဖြင်း ၊အကျင့်ယွင်းမှု့ ၊ထိုမင်းလက်ထက် ၊မြီကြီးလျှက်လည်း ၊သက်ခသြဇာ ၊အောက်မှာရွီလဲ ၊ထဲတဗွီ၌ ၊နီဘိရကား ၊အမြားပည်းဖြင့် ၊ရောက်လှည့်ကျင်သား ၊သစ်ပင်သစ်သီး ၊မကြီးလုံးဖန် ၊အမွန်ရသာ ၊ သြဇာမဟိ ၊ပျက်သိသိတည့် ၊ထို့ပြီးအပ ၊ဆီးဝါးစသည် ၊တေဇမထက် ၊ပျက်ခဲ့ရသာ ၊စားလီပါလည်း ၊အနာလွတ်ခဲ ၊ ရွိရွိရဲလျှက် ၊ကောင်းမြဲမကောင်း ၊မိုးလီနှောင်း၍ ၊သောင်းခကောင်းပင် ၊ပျိုးမရှင်တည့် ၊ပြည့်သျှင်မင်းကြီး ၊တရားမှီးမူ ၊ မြီကြီးရသာ ၊သြဇာတိုးတက် ၊ချိုမြက်သစ်သီး ၊ အကြီးလုံးလှ ၊ဆီးဝါးစသည် ၊တေဇထက်မြက် ၊ရောဂါလွတ်၍ ၊ ရွာဆွတ်မိုးကောင်း ၊ ကောက်မသောင်းတည့် ၊မင်းကောင်းရို့ကြောင့် ၊တရားစောင့်လော့ ၊သျှစ်သောင်းမြီပြင် ၊ရန်ကိုသင်လျှက် ၊ပြည်တွင်းပြည်သူ ၊ခပ်သိမ်းလူလည်း ၊ဆုယူများစွာ ၊ချစ်ကြင်နာ၍ ၊မေတ္တာမိုးကြီးရွာစီမင်း ။
(၄၄)
လင်္ကာဒီပ ၊သီဟဠဟု ၊နာမပြဋ္ဌာန်း ၊သီဟိုကျွန်း၌ ၊ထွန်းသည်နီသွင် ၊တန်ခိုးထင်သား ၊သင်္ခဗောဓိ ၊အမည်ဟိသည် ၊ မင်းကြီးကျင့်ထူ ၊နှလုံးမူလော့ ၊ နတ်လူချစ်ပြင်း ၊ထိုသည့်မင်းကား ၊စောင့်ခြင်းတရား ၊ မယွင်းမှားတည့် ၊ခိုးသားပူလောင် ၊ ခေါင်သည့်မိုးနှင့် ၊ နတ်ဆိုးဘီလူး ၊စားကြူးလူသား ၊ဘေးသုံးပါးကို ၊သိကြားနတ်တိုင် ၊ဓိဌာန်လှိုင်လျှက် ၊ အသက်စွန့်စား ။ပြည်သူများကြောင့် ၊ဖိတားပျောက်စီ ၊မိုးကောင်းစီ၏ ၊ ကျင့်ထွေလိုလား ၊မတတ်ငြားလည်း ၊ရှိုးရှာဆိုးကောင်း ၊ကျိုးတကြောင်းမျှ ၊မင်းကောင်းမှန်ကဲ ၊ကျင့်မူရဲလော့ ၊ဖောက်လဲတတ်စွာ ၊သက်ခန္ဓာကား ၊အခါမြင်ရှည် ၊မတတ်နိုင်ဘဲ ၊ကျေးဇူးသော်မူ ၊သူတော်လူရို့ ၊ပြောမူမြင့်ကြာ ၊ချီးမွမ်းရာလျှင် ၊ကမ္ဘာပတ်လုံး ၊ပြောမဆုံးတည့် ၊ရှိထုံးနည်းခိုင်း ၊ ကောင်းကျင့်လှိုင်း၍ ၊လူတိုင်းအံ့အဲ ၊ ချီးမွမ်းကဲလျှက် ၊မြင့်မြဲကျေးဇူးကြာစီမင်း ။
(၄၅)
သဟဿနေတ္တ ၊၀ါသ၀ဟု ၊သက္ကသူရိန်၊ ဒေ၀န်ထွဋ်ထား ၊ မိုးသိကြားလျှက် ၊တရားစောင့်သူ ၊ကျင့်ကောင်းလူကို ၊ရေးယူစိမ့်ငှာ ၊လေးမျက်နှာ၌ ၊သွယ်ကာရန်ထောက် ၊နတ်လေးယောက်ကို ၊စောင့်ယှောက်ပိုင်းခြား ၊အမြဲထားသို့ ၊တိုင်းကားအုပ်စိုး ၊ပြည်ထိပ်မိုးသား ၊တန်ခိုးထွန်းလင်း ၊လရို့မင်းလည်း ၊ကျင့်ခြင်းထို့တူ ၊ဆင်းရဲသူအား ၊ကလူညှဉ်းဆဲ ၊မခဲစိမ့်ငှာ ၊ ရပ်မျက်နှာကို ၊ကွယ်ကာစိမ့်ကြောင်း ၊ကျင့်ကောင်းမွန်ရည် ၊သဘောတည်လျှက် ၊ကြံစည်ကြံနက်နဲ ၊မှုထမ်းရဲသား ၊ ခက်ခဲရေးသား ၊ လိမ္မာတတ်မြောက် ၊မတ်လေးယောက်အား ၊လက်အောက်မှာထား ၊လေးဖို့ခြား၍၊လေးပါးဒိသာ ၊ရပ်ခန်းဝါ၌ ၊ပြည်ရွာကိစ္စ ၊ဟူသမျှကို ၊ဆုံးမကံမြစ် ၊အပြစ်မကောင်း ၊မပီကောင်းဟု ၊အကြောင်းစုံစမ်း ၊ရှိကျင့်တမ်းဖြင့် ၊မှုထမ်းအစေ ၊ကွပ်ညှပ်ပေ၏ ၊လူဆွီသိကြား ၊လူမင်းဖျားလည်း ၊လေးပါးထပ်ထူ ၊ပမာယူလျှက် ၊ပြည်သူစောင့်ယှောက် ၊မတ်လေးယောက်နှင့် ၊အံ့လောက်လူ့ဘောင် ၊ ပြည်ထဲဆောင်၍ ၊ပြည်ထောင်ကြောက်ရွှံ့ယှားစီမင်း ။
(၄၆)
အခါတပါး ၊မြင်မိုရ်ဖျား၌ ၊သိကြားနီရာ ၊စစ်ပြုလာသည့် ၊ပြင်းစွာမျက်သျှိန် ၊ အသူရိန်ကို၊ဒေ၀ိန်သက္က ၊စီးချင်းချ၍ ၊ဒေ၀သဘာ ၊သုဓမ္မာဟု ၊သာသည်ဇရပ် ၊အမိုးရပ်တွင် ၊နောင်ကြပ်အမြဲ ၊ တုပ်၍ဆွဲသော် ၊ဆဲဆဲရေးရေး ၊ဟစ်ကြွီးရွီရွတ် ၊တတွတ်တွတ်လျှင် ၊အပတ်တကုတ် ၊ကြမ်းကြုတ်စကား ၊နတ်မင်းဖျားကို ၊နွားနှင့်အတူ ၊ငရဲသူဟု ၊ကလူကစာ ၊ဆဲရေးရှာလျှက် ၊မျက်မထွက်တည့် ၊ဆိုဘက်မထိုက် ၊ယင်းသူမိုက်ဟု ၊ မှက်ပိုက်သောထွေ ၊သီးခံစီ၏ ၊ရွှေမြေရပ်စီ ၊ရွှေနန်းတည်သား ၊နတ်ပြည်သေဌီနင်း ၊သိကြားမင်းလျှင် ၊ခံပြင်းသီးညည်း ၊အမျက်နည်း၍ ၊ရီ ကြီးတောတောင် ၊ အာဏာဆောင်သား ၊ဘုန်းခေါင်ထွန်းလင်း ၊လူရို့မင်းလည်း ၊ပုံခင်းကျမ်းလာ ၊ထိုထိုစာ၌ ၊ပြင်းစွာအမျက် ၊မထွက်ဖို့ရာ ၊ချုပ်မြစ်ထာလော့၊ပညာတိုင်တည်း ၊မျက်မာန်နည်းလျှက် ၊လူလည်းပြောဟော ၊နတ်ချစ်မောသည် ၊ကျောစောချီးအံ့သြစီမင်း ။
(၄ရ)
လောကသာရ ၊ကျမ်းဂန္တ၌ ၊ဓမ္မရသာအလင်္ကဖြင့် ၊တန်ဆာလည်းဆင် ၊ဖွဲ့စီရင်လျှက် ၊ကျမ်းမြင်ထွေပြား ၊အပါးပါးတည့် ၊များသည့်ထုံးနည်း ၊မှတ်ဖွယ်ချည်းလျှင် ၊ပမည်းပမာ ၊နည်းနာနယ ၊ပွတ်ပုံချသို့ ၊ခတ္တိယရာဇာ ၊ဇနဓိပ ၊ဘူပါလဟု ၊လောကထွဋ်ဖျား ၊မင်းရို့အားကို ၊စီးပွားချမ်းသာ ၊ဖြစ်စိမ့်ငှာလျှင် ၊ပညာသေတ္တု ၊စည်းရုံးပြုလျှက် ၊ကျင့်မူဆန်းပြား ၊ဆုံးမကြားသော် ၊ကောင်းဖျားမွန်ရည် ၊ကျော်စော်သည်ကား ၊အမည်ရာဇာသာရတည်း ။..........။
လောကသာရပျို့တတိယပိုင်းသို့
Read more...
Thursday, October 1, 2009
လောကသာရပျို့...တတိယပိုင်း
(၄ဂ)မှတ်ကြကုန်လော ၊ ဗြဟ္မာ့နွယ်ဖွား၊ ပုဏ္ဏားမျိုးရို့၊ ကောင်းကျိုးစကား၊ ငါလျှင်ကြားစိမ့်၊ ရှိဖျားကမ္ဘာ၊ မစစွာက၊ ဗြဟ္မာပိုင်းခြား၊ ဆီးသမားနှင့်၊ဟူရားကြယ်မြင်၊ ကောင်းကင်နတ်သတ်၊ တတ်သည်တချို့၊ မီးပူဇော်သို့၊ ဖြော်ဖြော်မတ်ရွတ်၊ ဂြိုဟ်နတ်သန္တီး၊ ဦးဆီးတခြား၊ ခေါင်အားဗေဒင်၊ သိမြင်နှံ့စပ်၊ မေးကပ်ကပ်နှင့်၊ ကလာပ်ဗျဦ္စ၊ ဒဏ္ဍီဝိဒဂ်၊ကျမ်းခတ်ဗျာကရိုဏ်း၊ တတ်နိုင်တခြား၊ ဤလေးပါးကို၊ ပုဏ္ဏားရို့တွင်၊ မချို့ကျေးဇူး၊ အထူးသမိုက်၊ မျိုးလိုက်မှတ်သား၊ ဆီးသမားလည်း ၊ ဆီးဝါးတတ်ပွန်၊ ဆီးကြမ်းလေ့ကျွမ်း၊ ဗိန္ဓောပြွမ်း၍ ၊ဆီးကျမ်းထိုထို၊ သာရကိုလည်း၊ ဖွင့်ဆိုတတ်ကျယ် ၊ ဓိပ္ပါယ်အနက်၊ လွန်လေ့ကျက်၍ ၊ ဓါတ်ပျက်သည်းချေ၊ သွီးလီချောက်ယှား၊ သလိပ်များက ၊စသည်ရောဂါ ၊ အနာတမျိုး ၊ ကိုးဆယ်ခြောက်ပါး ၊ အပြားပြားကို ၊ မမှားလတ်အောင် ၊ ကုသဆောင်၍ ၊ အခေါင်သမားမြောက်စီမင်း ၊၊
(၄၉)
ဟောရဂန္တ၊ ဂဏနဟု ၊ သိပ္ပဟူးရာ၊ တတ်မြောက်မြား၍ ၊ပုဏ္ဏားနွယ်ရိုး၊သူကောင်းမျိုးရို့၊ ကြိုးကြိုးကုတ်ကုတ် ၊ အားအင်ထုတ်၍ ၊အဟုတ်လေ့လ ၊ ပရိစ္စဖြင့် ၊ကြားကသိတတ် ၊ဗြို့ဟဇ်ရာဇမတ္တဏ် ၊ ကိန်းဆန်ဓူပန်း ၊ ဂြိုဟ်သွမ်းခွဲခြင်း ၊ထုတ်နိုင်စွဲအား ၊ စုံစမ်းစိရိ ၊ များထွေမဏ္ဍပ်၊ ထပ်ကြပ်ရောဂါ ၊ကာလစက္ကိ ၊အမြိတစုတ် ၊ဖော်ထုတ်ဓာတ်ကျမ်း ၊ခွဲခြမ်းစိတ်ဖြာ ၊တတ်လေ့လာ၍ ၊သတ္တဗီသ ၊လှည့်ထနက္ခတ် ၊မြင်းမိုရ်ပတ်သား ၊ဒွါဒသိရာသီ ၊ယာယီစက်ကွင်း ၊ဂြိုဟ်နင်းဂြိုဟ်ပြောင်း ၊ကောင်းမကောင်းသား ၊ကျိုးကြောင်းဆုံးဖြတ် ၊ နီလကြတ် နှင့် ၊ ဥပဒ်အာယု ၊စဉ်းမှုတတ်ပွန် ၊စက်အဟန်သို့ ၊ ထုံမွန်ကားကား ၊ အသားအရိုး ၊ စုပြည့်ဖြိုးလျှက် ၊ဟိုးဟိုးထင်သိ ၊ပ ညာဟိဟု ၊ကိတ္တိထင်ယှား ၊ဗြဟ္မာသားရို့ ၊ဟူးရားတတ်ခေါင်မြတ်စီမင်း ။
(၅၀)
သာမယဇု ၊ ဣသျှုဗေဒင်၊ သုံးပုံမြင်၍ ၊ သန့်စင်သီလ၊ အာစာရနှင့်၊ မိဘမျိုးစစ် ၊အဖြစ်မြတ်လှ ၊ဗြဟ္မာဏဟု၊ တွင်ထမည်သာ ၊အင်္ဂါသုံးမည် ၊ကျေးဇူးတည်လျှက် ၊ရွာပြည်တိုင်းကား ၊လှည့်ပတ်သွား၍ ၊ထုံးသားမှန်ကူ ၊ခရုဖြူနှင့် ၊ပစ္စူပတ်လဲ ၊လက်ဘယ်ပတ်ခြုံ ၊စပယ်ရုံလျှက် ၊တင်တုံစလွယ်၊ လိုင်မှာမကင်း ၊ခရုသင်းနှင့် ၊အလင်းရသည် ၊ပတ်စည်ကျစ်ကျစ်၊ ဦးရစ်ပေါင်းထုပ် ၊နောက်ဆံအုပ်နှင့် ၊တုန်လှုပ်မဲ့လျှင်း ၊ပွဲလည်ကျင်း ၍ ၊စိုးမင်းရို့ရို့ ၊မရွိမတ်မတ်၊ ဖောင်ဖောင်ရွတ်လျှက် ၊စိမ်းလတ်မြသွင် ၊နီစာပင်နှင့် ၊ရီစင်ကမ်းမှတ်၊ ကျင့်မြဲဝတ်ဖြင့် ၊သူမြတ်ရို့ထံ ၊အလှူခံလော့ ၊ခြိုးခြံသိပ်သည်း ၊ဥစ္စာဆည်းလျှက် ၊ပစ္စည်းပေါယယ် ၊ဗြဟ္မာကြွယ်ဟု ၊လူဝယ်သတင်းပေါက်စီမင်း။
(၅၁)
ဥဒည်းမဇျွင် ၊နီဝင်အခါ ၊ ညစာသုံးပါး ၊ ပိုင်းခြားဂါထာ၊ ရွတ်မြဲရာသား ၊ကာယသိဒ္ဓိ ၊တစိသညာ ၊ တတ်လေ့လာလျှက် ၊ ကြောင်းခြာခွဲစိတ် ၊ ပရမိသွား ၊မဟာပိန္နဲ ၊ ဘေးလွှဲရန်ဖီ ၊နတ်စန္စီကို ၊ပန်းနီပန်းဖြူ ၊ ပူဇော်မူလျှက် ၊ဆုယူဆုတောင်း ၊ ကျင့်လမ်းဟောင်းဖြင့် ၊ ဦးခေါင်းသန္တီး ၊နိတိုင်းဆီးလျှက် ၊လုပ်ကျွေးမှု့ဆောင် ၊ ထဲချောင်းတိုက်တွင်း ၊ထမင်းချက်ပြုတ် ၊ ငရုပ်ချင်းဆား ၊ဆီပြားသကာ ၊ ဃနာထောပတ် ၊ ကြံပွတ်နှမ်းပဲ ၊စားစမြဲဖြင့် ၊အမဲအသား ၊သားငါးယှောင်ကြဉ် ၊မယှဉ်သက်သတ် ၊အကျင့်လေ့လ ၊စာရိတ္တဖြင့် ၊မိဘစုတိ ၊ခုနစ်နိလျှင် ၊စိလတ်သောအခါ ၊မကွာဆောက်တည် ၊ ကိုယ်စားရည်၍၊ စိတ်ကြည်မြတ်လည်း ၊ အလှူပီးလော့ ၊ရှီးကလွန်လီ ၊ရှိရိုးပီးသား ၊မျိုးဆွီကျင့်မြဲ ၊မှတ်သုံးစွဲလျှက် ၊ငရဲမသတ် ၊ခန္တာပျက်လည်း ၊အထက်နတ်ပြည်ရောက်စီမင်း ။
(၅၂)
ဂြဟသန္တိ ၊ကျမ်းနှင့်ညို၍ ၊ ဗလိပူဇော် ၊ဂြိုဟ်ခေါ်ဂြိုဟ်နှင် ၊ဗေဒင်ရွတ်မန်း ၊မန္တန်တန်းလျှက် ၊ကျယ်ဝန်းစက္က ၊မဏ္ဍလဟု ၊ တရာ့သျှစ်ကွင်း ၊အင်းလည်းစီရင် ၊ ဆင်သားဗိတာန် ၊ တံခွန်တလျှောက် ၊ ဖြူနီဆောက်၍ ၊ ပယ်ဖျောက်ရန်ဘေး ၊ ဆီးပီးဦးခေါင်း ၊ဘိသက်လောင်း၍ ၊သူကောင်းသူ့မြတ် ၊ လွတ်စီအနာ ၊ဥ ပါဒ်ခွာလော့ ၊ပြည်ရွာစီးပွား ၊ များစိမ့်သမူ ၊ ဟုတ်တိုင်းပြု၍ ၊စုဘိကျီးခဲ ၊ရဲရဲမီးတွင်း ၊လောင်ခြင်းဖြောက်ဖြောက် ၊ ပေါက်ပေါက်စသည် ၊ပန်းငါးမည်ဖြင့် ၊ ဆောက်တည်မပျက် ၊ ခုနစ်ရက်လျှင် ၊ခန့်တွက်ပိုင်းခြား ၊မန္တရားတည့် ၊ ဖန်များစုရွတ် ၊ပျားထောပတ်နှင့် ၊မီးနတ်ကော်ရော်၊ ယစ်ပူဇော်၍ ၊လူဘော်ရန်စစ်ပျောက်စီမင်း ။
(၅၃)
ကျေးဇူးပညာ ၊များစွာဂုဏ်အင် ၊ဗေဒင်တတ်သိ ၊ ပညာဟိဟု ၊က၀ိပုဏ္ဏား ၊အများသမိုက် ၊သင်္သကရိုက်ကို ၊မျြိမြှိုက်လျှာဖျား ၊ စက်ထားရဟတ် ၊ပိဋကတ်သွင်သွင် ၊နှုတ်သံလွင်နှင့် ၊ပီပြင်မှုတ်မန်း ၊ဖြိုးဖြိုးဖြန်းလျှက် ၊ ကျင့်ခန်းထွေပြား ၊အပါးပါးတည့် ၊ မှတ်သားကျယ်ဝန်း ၊ဆန်းအလင်္ကာ ၊ နားဝင်စွာ၍ ၊ဂါထာဖွဲ့စွမ်း ၊ချီးမွမ်း စလောက် ၊မင်းပွဲမှောက်တွင် ၊တယောက်ပဏ္ဍိတ် ၊ပုရောဟိတ်ဟု ၊ဘိသိတ်ဆရာ ၊ မြောက်ထိုက်စွာလျှက် ၊ဒိသာပါမုခ် ၊ မည်ထုတ်ကျော်အောင် ၊ကြိုးပမ်းဆောင်၍ ၊ တတ်ခေါင်လိမ္မာ ၊ရှိအခါ၌ ၊ဆရာမြောက်လှ ၊ဇနက္ကသို့၊လုံ့လကြိုးစား ၊မင်းရို့အားကို ၊စီးပွားရောက်အောင် ၊ကျေးဇူးရောင်ဖြင့် ၊လူ့ဘောင်ထွန်းလင်းတောက်စီမင်း ။
(၅၄)
လက္ခာဏာကြန် ၊တတ်ပွန်လေ့လာ ၊ မင်းဖြစ်ရာသား ၊လက်ညာဖ၀ါး ၊အခြားပျက်ပျက် ၊ခြီထက်သက်၍ ၊လက်သည်းများသွင် ၊အရေးမြင်မူ ၊ မင်းလျှင်စစ်စစ် ၊ဖြစ်အံ့အမြဲ ၊မချွတ်လွဲဟူဟု ၊၀မ်းထဲမရွံ ၊လိုင်ဖြတ်ခံလော့ ၊ထုံးစံမှတ်သား ၊နည်းနာများကို ၊ပုဏ္ဏားမျိုးကောင်း ၊ လူအပေါင်းတွင် ၊ ကဲဆောင်းတတ်လွန် ၊ကောဏ္ဍဉ်းဟန်သို့ ၊ဟောညွန်လက္ခာဏာ ၊တတ်လှစွာ၍၊ ပညာကဝေ ၊ မြောက်သောထွေဖြင့် ၊အသေအချာ ၊နာနာသိပ္ပ၊ ကိစ္စတတ်ပွန် ၊မန္တန်ပြီးစီး ၊နတ်ကြီးသူရဿတီ ၊ပင့်ချီခေါ်ချ ၊စကားရလျှက် ၊ပေါက်ပြကျော်ထိတ် ၊ ပုရောဟိတ်ဟု ၊ဘိသိတ်ဆရာမြောက်စီမင်း ၊၊
(၅၅)
ကျယ်ဝန်းစင်္ကြ၀ဠာ ၊ကမ္ဘာတည်စ ၊ပေါ်ဦးကလျှင် ၊ ဗြဟ္မာနွယ်ရိုး ၊ ကျော်ဟိုးဟိုးတည့် ၊ ကောင်းကျိုးစင်ကြယ်၊ လေးသွယ်ဗေဒင် ၊တတ်ပီးစင်သား ၊လူတွင်ထင်ယှား ၊ ပုဏ္ဏားများကို ၊ကျင်စီလို၍ ၊သံချိုလင်္ကာ ၊ထုံးပမာဖြင့် ၊နည်းနာထွေပြား ၊မှတ်စိမ့်ကြားသည် ၊တခြားတတိယပိုင်းတည်း ။ .....။
ရခိုင်သူမြတ်၏လောကသာရပျို့ဆုံးမစာ ပီပုရပုတ်၁၃ ရွက်ဟိကြောင်းသိရှိရပါရေ၊
ရက္ခိုင်စာပီနန့်ရက္ခိုင်ယိုင်ကျေးမှု့ပြန်လည်ဖေါ်ထုတ်နိုင်ပါစီကြောင်း..
သက္ကရာဇ် ၁၂၉၃ ခုကဆုန်လတွင်ဟံသာဝတီပဋိကတ်ပုံနှိပ်တိုက် ..(ရခိုင်ရာဇ၀င်သစ်ကျမ်းကို).
အမရပူရ(၀ါ)မန္တလေးမြို့၌ပုံနှိပ်ခဲ့ရေဆိုစွာကိုသိရှိရပါရေ...
Read more...
Thursday, July 9, 2009
The Sea
Posted by Picasa
Read more...
ရခိုင်ဗွီဒီယိုတေးချင်းများ..
About This Blog
zinyaw
ကြိုဆိုပါယင့်
ရခိုင်သားတယောက်ရခိုင်သမိုင်းအသိနန့် ရခိုင်စာပီ
ကိုချစ်မြတ်နိုးရေစိတ်တခုနန့် ဒေဘလော့ကိုထားခစွာပါ.
ပညာသည်တယောက်မဟုတ်သလို
ပညာရှင်လည်းမဟုတ်ပါ....
အားလပ်ရေအချိန်တိကိုထားခခြင်းရာဖြစ်ပါရေ..
မှားယွင်းမှု့ တိကအကျွန်၏ညံ့ဖျင်းမှု့ တိရာဖြစ်ပါရေ....
ဇင်ယော်ချေတကောင်လီဆန်မှာပျံနိန်ရေ...
There was an error in this gadget
Loading...
  © Free Blogger Templates Spain by Ourblogtemplates.com 2008
Back to TOP