ရခိုင်သူမြတ် နှင့် လောကသာရပျို့
ရခိုင်သူမြတ်သည်ရခိုင်ဘုရင်မင်းထီးလက်ထက်(အေဒီ၁၂၈၃)မြန်မာသက္ကရာဇ်(၆၄၅)တွင်ထင်ယှားခရေရဟန်းပညာရှိပုဂ္ဂိုလ်တစ်ပါးဖြစ်သည်။သက္ကရာဇ်(၆၈၈)တွင်မင်းလျှင်စောသည်။
မစ္ဆဂီရိသရက်မြို့ကိုတည်၍နေထိုင်ခလေသည်။သက်လူမျိုးရို့အုပ်စိုးသောကြောင့်သက်မင်းလျင်စောဟုနာမတွင်သည် ။ ၄င်းတွင် စောစုံ၊စောဖြူ ၊စောတူဟူသောသားတော်သုံးပါးဟိခလေသည်။
သက်ရို့သည်အင်အားကောင်းလာသောအခါ၌ရခိုင်ရိုးမတောင်စိုင်၊တောင်တန်းကျေးရွာများသို့
လားရောက်တိုက်ခိုက်လီရာရခိုင်ဘုရင်မင်းထီးသည် အမတ်ကြီးရာဇစည်သူသင်္ကြန်ကိုစေလွှတ်၍
သရက်မြို့ကိုသိမ်းခိုင်းခဲ့လေသည် ။ သက္ကရာဇ်(၆၉၅)တွင်အမတ်ကြီးရာဇစည်သူသည်စစ်သည်၊ဗိုလ်ပါများနန့်ရခိုင်ရိုးမကိုကျော်ဖြတ်၍သက်မင်း
လျင်စောအား သားတော်သမီးတော်၊မိဖုရားမောင်းမနန့်တကွရက္ခိုင်သို့ခေါ်ဆောင်ခလေသည် ။
ရက္ခိုင်ဘုရင်မင်းထီးစွာသက်မင်းလျင်စောအားကောင်းစွာချီးမြှင့်မြှောက်စားထားခသည်။ထိုအခါမင်းလျင်စောသည် သူ၏သားတော်များအား ပိဋကတ်ဗေဒင်အရာကျွမ်းကျင်တတ်မြောက်ရေ ရခိုင်သူမြတ် 'ဆရာတော်ထံ'အပ်နှံသင်ကြားစေခဲ့သည်။ မင်းသားသုံးပါးသည်ပိဋကတ် ၊ဗေဒင်သင်၍တတ်မြောက်လျှင်ဆရာရခိုင်သူမြတ်သည်ဤကဲ့သို့သောအိမ်မက်ကိုမြင် မက်လေ၏ ။
နောင်တော်ကြီးစောစုံသည်စမုန်မြစ်ရီကိုသောက်၍ကုန်သည်ဟုမြင်မက်၏ ။ညီလတ်စောဖြူသည်
ဖိုးဦးမော်ရီကို၎င်း ၊ညီတော်အငယ်စောတူသည်အ၀မြစ်ရီကိုသောက်၍ကုန်သည်ဟု၎င်းမြင်မက်လေသည်။
ဆရာရခိုင်သူမြတ်လည်းမင်းသားသုံးပါးကိုခေါ်၍မင်းသားရို့စစ်ကိုင်းပင်းယသို့လားကေမင်းဖြစ်လတ္တံ ၊ဆိုပနာမိန့် တော်မူခလေသည် ။ညီနောင်သုံးပါးရို့လည်းဆရာရခိုင်သူမြတ်စေလွှတ်သည့်အတိုင်းသက္ကရာဇ် (ရ၀၅)ခုတွင်အရှိပြည်သို့လားပနာစစ်ကိုင်း၊ပင်းယသို့ရောက်လျှင်စောစုံသည်မြင်းစိုင်းကိုစားရ၏ ။စောဖြူစွာပြည်မြို့ ကိုစားရလေ၏ ။စောတူသည်အမြင့်မြို့ကိုတရဖျားစောကဲဆိုရေအမည်ဖြင့်စားရသည် ။ နောင်အခါအမြင်စား တရဖျားစောကဲ အမည်ဖြင့်မင်းဖြစ်လေသည် ။မင်းဖြစ်၍ ၁၆နှစ်ခန့်ကြာမြင့်လတ်ရေအခါတရဖျားစောကဲမင်းကြီးသည်မိမိငယ်ဆရာဖြစ်ခဖူးသော ရခိုင်သူမြတ်ကိုသတိရမိလျှက်အင်းဝနေပြည်တော်သို့ပင့်ဆောင်ပနာ"မဟာသင်္ဃရာဇာ"ဟူသော
ဘွဲ့တဆိပ်ဖြင့်ကပ်လှူပူဇော်ပနာ ကိုးကွယ်တော်မူခကြောင်းရွီးသားထားခစွာကိုတွိ့ဟိရပါရေ။
ထိုမဟာသင်္ဃရာဇာဘွဲ့ကိုခံယူတော်မူသောရခိုင်သူမြတ်သည်မင်းလောင်းသုံးပါးကိုစာပီပို့ချ စိုင်အခါကလောကသာရပျို့ကိုစီကုံးကာမင်းသားရို့အားသင်ကြားပီးခရေဆိုစွာကိုရွီးသားထားစွာကိုတွိ့ရပါရေ၊
လောကသာရပျို့မှာအမျိုးလေးပါးကိုဆုံးမရေအခန်းများပါရှိ၍ရခိုင်စာပီလောကမှာအကောင်းဆုံး
နန့် အဟောင်းဆုံးစာပီမှာပါဝင်ရေကြောင်းကိုဦးအောင်သာဦး(၀တီလေးရပ်ပေါင်းစည်းအပ်သောရက္ခမဏ္ဍလ)ရခိုင်ရာဇ၀င်တွင်ရခိုင်ရာဇင်သစ်ကျမ်း(ဦးစန္ဒမာလာလင်္ကာရ) ကိုကိုးကားပြီးရွီးသားထားစွာကိုတွိ့ဟိရပါရေ။
ရှိးရခိုင်ရိုးရာစိုင်ဆက်ဘုန်းတော်ကြီးကျောင်းသင်အံခရသောပျို့ကဗျာဖြစ်သည်။ရခိုင်ကျောက်စာပီအရွီးအသား ၊ဒင်္ဂါးစာအရွီးအသားဖြစ်သောရက္ခ၀ဏ္ဍအက္ခရာဖြင့်ရွီးသားထားသည်။ပရပုတ် ဟုခေါ်ဆိုသည့်ဤစာမူကို၎င်း
၏လက်သုံးစာမူဖြစ်သည်ဟုစာမူပိုင်ကျောင်းတကာကြီးထံမှသိရသည်၊(ထွန်းရွှေခိုင်-မဟာဝိဇ္ဇာ)
လောကသာရဖျားဟုအဖုံးတွင်ရွီးသားထားသည်။
"က" အချပ်ပျောက်ဆုံးနီ၍ " ကာ " မှ" ကဲ " အားလုံး၁၃မျက်နှာပါရှိပါရေ။
အဖုံးတွင်ပါရှိရေ"လောကသာရအဖျားဟုဆိုသည်မှာပထမပိုင်းအဆုံးကိုဆိုလီဟန်တူပါရေ၊
ရခိုင်ရှိဟောင်းကျမ်းရို့တွင်ပထမပိုင်းစာအစကိုအရင်းဟုခေါ်တွင်၍အဆုံးကိုအဖျားဟုခေါ်သည်
ဟုရွီးသားယှင်းလင်းထားစွာကိုတွိ့ရပါရေ။
ဇင်ယော်
မှတ်တမ်းတင်ခွင့်ရဟိခရေစာအုပ်တိက...
၁။ရက္ခိုင်ရာဇ၀င်သစ်ကျမ်း(ရမ်းပြည့်တောင်ကျောင်းဆရာတော်ဘုရားကြီးဦးစန္ဒမာလာလင်္ကာရ)
သက္ကရာဇ်၁၂၉၃ခုကဆုန်လတွင်ဟံသာဝတီပိဋကတ်ပုံနှိပ်တိုက်၊အမရပူရ(၀ါ)မန္တလေး
0 comments:
Post a Comment