Wednesday, December 2, 2009

လောကသာရပျို့ ရခိုင်သူမြတ်

မြန်မာစာပီ၏အသက်ဖြစ်တေ့ရက္ခ၀ဏ္ဏအက္ခရာတီထွင်ကာရခိုင်စာဆိုတော်များသည်ရတု၊ရကန်၊

အဲအံ၊သာခြင်းနှင့်အမျိုးမျိုးသောပျို့ကဗျာများကိုဖွဲ့နွဲ့သီကုံးခဲ့ကြသည်။မြန်မာစာပီလောကတွင်

စောပြည့်ညိုမင်းသမီးရေးစပ်သည့်သိန်ကန်မိန်တွင်(၁၂)ခွင်ချီရတု၊အဒူမင်းညို၏ရခိုင်မင်းသမီးဧချင်း၊

ရခိုင်သူမြတ်၏လောကသာရပျို့နှင့်အမတ်ကြီးဥက္ကာပျံ(၀ါ)ရာဇသင်္ကြန်၏ ဥက္ကာပျံရတုတို့မှာအဟောင်း

ဆုံးနှင့်အကောင်းဆုံးအဖြစ်ထင်ရှားသည် ဆိုပနာရခိုင်ရာဇ၀င်သစ်ကျမ်းကိုကိုးကား၍ ဦးအောင်သာဦး
(ရက္ခမဏ္ဍလရက္ခိုင်ရာဇ၀င်)တွင်မှတ်တမ်းအဖြစ်တွိ့ဟိရပါသည်။

လောကသာရဆုံးမစာ

အသက်ရှည်စွာ၊ အနာမဲ့ကြောင်း

ကောင်းလှစီချင်၊ ပဲ့ပျင်နိစ္စ

ကွပ်ဆုံးမသား၊ မိဘဆရာ

စကားနာ၍၊ ကျမ်းစာသိမြင်

တတ်အောင်သင်လော့၊ ပေါ်လွင်မပြု

ကောင်းရာတုလျှက်၊ ကောင်းမှုမြတ်နိုး

ကောင်းအောင်ကြိုး၍

ကောင်းကျိုးကိုယ်၌ တည်စီမင်း --။


မိခင်ဖခင်၊ ကျေးဇူးသျှင်ကို

ချစ်ခင်မြတ်နိုး၊ ဂူပုထိုးသို့

ရှိခိုးဦးတင်၊ ကြည်လင်မြတ်လေး

လုပ်ကျွေးခယ၊ ရိုတုပ်ကွလျှက်

ကြီးလှသက်အို၊ မျိုးဆွီကိုလည်း

ကြည်ညိုညွတ်တိမ်း၊ ပိုက်ထုပ်သိမ်း၍

မယိမ်းစင်းလျင်းငြိမ်းစီမင်း --။


ထုံးမှီးနည်းနာ၊ အဖြာဖြာ၌

ပညာရှာမှီး၊ မကြီးသက်ရွယ်

အငယ်သော်က၊ ကြိုးလုံးလလျှက်

တုပ်ကွပုဆစ်၊ ဆရာစစ်သို့

ကြောက်ချစ်ရိုသီ၊ စာပီတတ်ကြောင်း

တချောင်းချောင်းလျှင်၊ ငြိမ်အောင်းသည်းခံ

ဆရာထံ၌၊ သင်အံမှတ်သိ

တနိတခြား၊ ပွားများစုံစီ

ဝမ်းထဲခွီ၍၊ တလီတထူး၊ ဂုဏ်ကျေးဇူးကို

ဆည်းပူးသိမြင်ကြွယ်စီမင်း --။

(ရခိုင်သူမြတ်)

ကျမ်းကိုး..

ရခိုင်ရာဇ၀င်သစ်ကျမ်း(ရမ်းပြည့်မြို့တောင်ကျောင်းဆရာတော်ကြီးဦးစန္ဒမာလာလင်္ကာရ)


No comments:

Post a Comment

Yes